မေ ၁၃

စင်ကာပူနိုင်ငံသို့ ဧပြီလအတွင်း နိုင်ငံခြားခရီးသွား ၁ ဒသမ ၃၆ သန်း ဝင်ရောက်မှုရှိရာ တစ်နှစ်ထက်တစ်နှစ် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၂၀ ဒသမ ၁ ရာခိုင်နှုန်း ပိုမိုများပြားလာကြောင်း စင်ကာပူခရီးသွားလုပ်ငန်း၏ နောက်ဆုံးအချက်အလက်ထုတ်ပြန်ချက်အရ သိရသည်။ ဧပြီလက စင်ကာပူနိုင်ငံသို့ဝင်ရောက်သော အင်ဒိုနီးရှားခရီးသွား ၂၄၄၀၀၀ နီးပါးရှိရာ အင်ဒိုနီးရှားခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံပြီးလျှင် တရုတ်ပြည်မကြီး၊ အိန္ဒိယ၊ မလေးရှားနှင့် ဩစတြေးလျနိုင်ငံတို့မှ ခရီးသွားဝင်ရောက်မှုများပြားကြောင်းသိရသည်။ ထိုကာလအတွင်း တရုတ်ပြည်မကြီးမှ ခရီးသွား ၂၂၀၀၀၀ ကျော် ဝင်ရောက်ခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ၁၄၃ ရာခိုင်နှုန်းပိုမိုများပြားလာကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို