နေပြည်တော်၊ မေ ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲများတွင် တပ်မတော်မှ ဓာတုအဆိပ်သင့်ဗုံးများဖြင့် မေ ၈ ရက်က ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားများ မူးမော်ခြင်းနှင့် အော့အန်ခြင်းဝေဒနာများ ခံစားခဲ့ရကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရ သည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သရက်ကုန်းကျေးရွာအနီး ဖြစ်ပွားသည့်တိုက်ပွဲများတွင် တပ်မတော်မှ ဓာတုအဆိပ်သင့်ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်မှာ မှန်ကန်မှုမရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့ ထိခိုက်သေဆုံးမှု များပြားခဲ့သည့် ယခင်တိုက်ပွဲများတွင်လည်း တပ်မတော်မှ ဓာတုအဆိပ်ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း လုပ်ကြံဝါဒဖြန့်ဝေလျက် ရှိသည်။
ယခုဖြစ်စဉ်မှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ထိရောက်သော လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူများ ထိခိုက်သေဆုံးမှု များပြားလျက် ရှိသည့်အတွက် တရားမဝင် ပြည်ဖျက်မီဒီယာများမှတစ်ဆင့် သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်