ရန်ကုန် မေ ၁၄
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ နယ်မြေခံသင်တန်းကျောင်းတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ သင်တန်းကျောင်းတပ်မှူးက အဖွင့်မိန့်ခွန်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား များအား ရင်းရင်းနှီးနှီး လိုက်လံအားပေးစကားပြောကြား၍ စားရိပ်သာတွင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် သင်တန်းသားအိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ထောက်ပံ့ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဝင်းမင်း(ပြန်/ဆက်)