၂၈ ဖေဖော်ဝါရီ

 

နီပေါနိုင်ငံတွင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် နီပေါနိုင်ငံ ခရီးသွားလာရေးဝန်ကြီးနှင့် အခြား ၆ဦး သေဆုံးခဲ့သည်။

 

ိ

 

လေယာဉ်ပျက်ကျမှုမှာ နိုင်ငံအရှေ့ပိုင်း တန်လီဂျောင်ခရိုင်တွင် ဗုဒ္ဓဟူးနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နီပေါ လေကြောင်းပျံသန်းရေးအာဏာပိုင်က ပြောကြားသည်။

 

ခရီးသွားလာရေးဝန်ကြီး ရာဘင်ဒါအဒီကာရီနှင့် ခရီးသည် ၅ဦးသည် လေဆိပ်တစ်ခုတည်ဆောက်မည့်နေရာကို စစ်ဆေးပြီးနောက် ခတ္တမန္ဒုသို့အပြန်လမ်းတွင် အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

လေယာဉ်ပျက်ကျရာ ဒေသတွင် နှင်းများကျဆင်းလျက်ရှိပြီး မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမမြင်ရကြောင်း အာဏာပိုင်များက ပြောကြားသည်။ ၄င်းတို့က လေယာဉ်ပျက်ကျသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

 

န

 

နီပေါနိုင်ငံတွင် ခရီးသည်များကိုတင်ဆောင်ရန် ရဟတ်ယာဉ်များကို မကြာခဏဆိုသလို အသုံးပြုလေ့ရှိသော် လည်း စိတ်မချရသော လေကြောင်းများနှင့် ပြောင်းလဲနေသော ရာသီဥတုအခြေအနေကြောင့် မတော်တဆဖြစ် ရပ်များစွာ ဖြစ်ပွားခဲ့သည်။  

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်