ကိုလံဘို၊ မေ ၁၉
သီရိလင်္ကာသမ္မတ ရာနေးဝစ် ရီမီဆင်းဂျ်နှင့် SpaceX တည်ထောင်သူနှင့် CEO ဖြစ်သူ အီလွန်မက်စ် တိုသည် အင်ဒိုနီးရှားနိုင်ငံ၌ ယနေ့ကျင်းပသည့် (၁၀)ကြိမ်မြောက် ကမ္ဘာ့ ရေဖိုရမ်တွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။ သီရိလင်္ကာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ Starlink ကွန်ရက်နှင့် ချိတ်ဆက်ရန်အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် သီရိလင်္ကာနိုင်ငံ၏ ပြန်လည်ထူထောင်ရေး၊ စီးပွားရေး အလားအလာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းသစ်များကို ၎င်းတို့နှစ်ဦးက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အီလွန်မက်စ်သည် အင်ဒိုနီးရှားနိုင်ငံ၌ SpaceX ၏ Starlink အင်တာနက်ဝန်ဆောင်မှုကို စတင်ရန် မေ ၁၉ ရက်တွင် ဘာလီမြို့သို့ ရောက်ရှိခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်