မေ ၂၃
ဘရာဇီးနိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ငါးသန်းကျော်ဖြင့်စံချိန်တင်မြင့်တက်ပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ၃၀၀၀ နီးပါးသေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က အတည်ပြု ပြောကြားသည်။ နိုင်ငံအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၁၄၅၂၉၅ ရှိပြီး သေဆုံးသူ ၂၈၉၉ ဦးရှိသည်ဟု မကြာသေးမီကထုတ်ပြန်သောအချက်အလက်အရသိရသည်။ ဘရာဇီးနိုင်ငံ၏သမိုင်းတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး အိမ်နီးချင်းနိုင်ငံအချို့ပါ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုပျံ့နှံ့ခဲ့သည်။ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်မားခြင်းသည် ရာသီဉတုဖောက်ပြန်ပြောင်းလဲခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ အမျိုးအစားများ ပျံ့နှံ့ခြင်းတို့ကြောင့် ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို