တာချီလိတ်   ၂၈    ဖေဖော်ဝါရီ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု နာတာကျိုကျေးရွာ၌ ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းက အမျိုးသားတစ်ဦးက မိမိနေအိမ်အား မီးရှို့မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 

ဖေဖော်ဝါရီ ၂၇ ရက်ညနေ ၆ နာရီခွဲက မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဟောင်လိတ်ရဲကင်းစခန်း ခေတ္တ ရဲကင်းစခန်းမှူး ရဲအုပ် သန်းထွန်းဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်ဇော် လင်း ဦးစီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ ည ၇ နာရီတွင် မီးငြိမ်းသွားခဲ့သည်။

 

ဖြစ်စဉ်မှာ ကျအူ(၂၈ နှစ်)သည် ၎င်းပိုင်ဆိုင်သော နေအိမ်အား မိမိကိုယ်တိုင်မီးရှို့ခဲ့ခြင်းဖြစ်ပြီး ၂၀ ပေပတ်လည်ခန့်ရှိ မြေစိုက် တဲအိမ်၊ ဝါးခင်း၊ ဝါးကာ၊ သက်ငယ်မိုး နေအိမ် တစ်လုံး မီးလောင်ကျွမ်းခဲ့သဖြင့် ၎င်းအား တာချီလိတ်မြို့မရဲစခန်းမှ အမှု ဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

မြင့်မိုရ်(တာချီလိတ်)