မန္တလေး ၂၈ ဖေဖော်ဝါရီ 


ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်၊ မြို့ပတ်လမ်းရှိ နေအိမ်တစ်အိမ်တစ်ခုတွင် အိမ်သာကျင်း ဆင်းဆယ်သူ လူ(၅)ဦးမှာ အောက်စီဂျင်ပြတ်သေဆုံးမှု အခုလ ၂၇ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ကျောက်ဆည်မြို့ ကြက်မင်းတွန်ရက်နေ နေအိမ်အတွင်းရှိ ရေလောင်းအိမ်သာကျင်းကို ဖေဖော်ဝါရီ(၂၇)ရက် ည(၈)နာရီအချိန်ခန့်က ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်တွင် အမျိုးသားငါးဦးက အိမ်သာ ဆယ်ယူရာ ည(၁၁)နာရီ (၄၅)မိနစ်အချိန်ခန့်တွင် အိမ်ရှင်ဦးသိန်းထွန်းဦးမှအိမ်သာကျင်းအတွင်း ရုန်းရင်း ဆန်ခက်သံ ကြားခဲ့ကြောင်း၊ သွားရောက်ကြည့်ရှုရာ အိမ်သာဆယ်သာ ၅ ဦးအား ပက်လက်အနေအထားဖြင့်တွေ့ရသဖြင့် ကြက်မင်းတွန်ရပ်ကွက်မှူးမှ တဆင့်ခရိုင်မီးသတ်သို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။ 


"စည်ပင်က မိလ္လာစုပ်တာ အဖတ်တွေ အနယ်တွေကျန်တော့ လူအင်အားနဲ့ရှင်းဖို့လုပ်နေတာပါ။ အစကတော့ တစ်ယောက်ပဲ အရင်ဆင်းတယ်။ နောက်ပိုင်း မူးတယ် မူးတယ်လို့အော်လို့ တစ်ယောက်ပြီး တစ်ယောက်ဆင်းရင်းကနေ အကုန်အောက်စီဂျင်ပြတ်သေကုန်တာ" ဟု ကြက်မင်းတွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်မျိုးအောင်က ပြောသည်။


အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် ကျောက်ဆည်မြို့မ ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်(၆/၂၁၁၉)ဖြင့် အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အိမို့မို့ခိုင်