လိုင်လင်းပီ ၂၈ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ် မတ်လ ၆ ရက်တွင် စတင်ဖြေဆိုမည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီမြို့ စာစစ်ဌာနတွင် ဖြေဆိုမည့် ကျောင်းသား/သူ ၂၄၉ ဦးရှိကြောင်း သိရသည်။
ပြီးခဲ့သည့်၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ် လိုင်လင်းပီ စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား/သူ စုစုပေါင်း(၁၈၈)ဦးရှိခဲ့ရာ ဖြေဆိုအောင်မြင်သူ (၃၅)ယောက်ရှိကြောင်းနှင့် အောင်ချက်အနေဖြင့် (၁၈.၆) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
လိုင်လင်းပီစာစစ်ဌာနအဖြစ် ၂၀၁၀ ခုနှစ်တွင် စတင်ရရှိခဲ့ပြီး ယင်းမတိုင်မီ ဆယ်တန်း ဖြေဆိုရန်အတွက် မတူပီမြို့သို့ သွားရောက်ဖြေဆိုရကြောင်းနှင့် ယခုအချိန်တွင် မရာဒေသ တစ်ခုလုံးရှိ အထက်တန်းကျောင်းခွဲ(၄)ကျောင်းမှ ဆယ်တန်းဖြေဆိုမည့် ကျောင်းသား/သူများ အနေဖြင့် နီးစပ်ရာဖြစ်သည့် လိုင်လင်းပီစာစစ်ဌာနတွင်သာ လာရောက်ဖြေဆိုကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN