၂၈ ဖေဖော်ဝါရီ
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ မြောက်ကိုရီးယားနျူကလီးယား လက်နက် ဖျက်သိမ်းရေးဆွေးနွေးပွဲကို ဒီကနေ့ ပြီးဆုံးခဲ့ပါတယ်။ ဆွေးနွေးပွဲဟာ ၂ ရက်ကြာခဲ့ပေမယ့် နှစ်နိုင်ငံကြားမှာ သဘောတူညီချက်တစ်စုံတစ်ရာ မရရှိဘဲ ရုတ်ချည်းပြီးဆုံးခဲ့ပါတယ်။

ပထမအကြိမ် သမိုင်းဝင်ဆွေးနွေးပွဲအပြီး နှစ်နိုင်ငံခေါင်းဆောင်တွေက ဒုတိယအကြိမ်ဆွေးနွေးပွဲကို စိတ်အားတက်ကြွခဲ့ပေမယ့် သဘောတူညီချက်မရရှိဘဲ ရှေ့မတိုးနောက်မဆုတ်တဲ့ ဆွေးနွေးပွဲ အဖြစ်သာ ပြီးဆုံးခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီးမှာ သမ္မတထရန့်က “မြောက်ကိုရီးယားခေါင်းဆောင်က ယုံဗြောင်းနျူးကလီးယားစက်ရုံကို ဖျက်သိမ်းပေးမယ်။ အမေရိကန်ဘက်က ပိတ်ဆို့အရေးယူမှုကို လုံးဝဥဿုံ ဖယ်ရှားကို လုပ်ဆောင်ပေးစေချင်တယ်လို့ ဆိုပါတယ်။ အဲဒီဟာကိုတော့ မလုပ်ပေးနိုင်သေးဘူး။ ဒါပေမယ့် ကင်ဟာ ဆွေးနွေးပွဲအတွင်းနဲ့ မတိုင်မီမှာ တိုးတက်တဲ့လုပ်ဆောင်မှုတွေရှိပါတယ်။ ဒီကနေ ရလဒ်ကောင်း ထွက်လာမယ်”လို့ ဆိုပါတယ်။

အိမ်ဖြူတော်ရဲ့ မူလအစီအစဉ်အရ နှစ်နိုင်ငံသဘောတူညီချက် လက်မှတ်ရေးထိုးပြီး နှစ်နိုင်ငံခေါင်းဆောင်တွေ နေ့လည်စာအတူ သုံးဆောင်မယ့် အစီအစဉ်ပါရှိပါတယ်။ အဲဒီလို သဘောတူညီချက်မရရှိခဲ့တာဟာ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်လို့ Ploughshares ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ရဲ့ ဥက္ကဌက ပြောပါတယ်။

ထရန့်နဲ့ကင်တို့ဟာ ပထမအကြိမ် ဆွေးနွေးပွဲထက်စာရင် အခုဆွေးနွေးပွဲဟာ လူပုဂ္ဂိုလ်ခြင်း ပိုပြီးရင်းနှီးတဲ့ ပုံစံရှိတယ်၊ ဓါတ်ပုံအရိုက်ခံတဲ့နေရာမှာလည်း ရင်းနှီးမှုရှိပေမယ့် စကားပြောဆိုမှု မရှိတာကို တွေ့ရပါတယ်။
ယုံဗြောင်းနျူးကလီးယားစက်ရုံဟာ မြောက်ကိုရီယားရဲ့လက်နက်စမ်းသပ်ရာ နှလုံးသည်းခြေ ဖြစ်ပါတယ်။
MDN
ကိုးကား - AFP