မေ ၃၁
ဘရာဇီးနိုင်ငံတောင်ပိုင်းရှိလူများသည် ဧပြီလနှောင်းပိုင်းမှစတင်ကာ မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပွားခဲ့ပြီးနောက် ကူးစက်ရောဂါဖြစ်ပွားနိုင်ချေတိုးမြင့်လာမှုနှင့်ရင်ဆိုင်နေရသည်။ ရီယိုဂရန်ဒီဒိုဆူလ် ပြည်နယ်ရှိတာဝန်ရှိသူများက ၁၆၉ ဦး သေဆုံးကြောင်းနှင့် လူပေါင်း ၅၈၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း အတည်ပြုပြောကြားသည်။
တစ်လနီးပါးကြာရေလွှမ်းမိုးခံရသောဒေသများတွင် တစ်ကိုယ်ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုအခြေအနေ ဆိုးရွားလာသည်။ အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အခြားရောဂါလက္ခဏာများဖြစ်ပွားစေသည့် ကူးစက်ရောဂါ၊ leptospirosis ရောဂါဖြစ်ပွားမှုများလျင်မြန်စွာမြင့်တက်လာသည်ဟုပြည်နယ်အာဏာပိုင်များက ဆိုသည်။
မေလ ၂၉ ရက်နေ့အထိ ရောဂါကူးစက်ဖြစ်ပွားသူ ၁၄၁ ဦးနှင့် သေဆုံးသူခုနစ်ဦးရှိကြောင်း ၎င်းတို့က အတည်ပြုပြောကြားသည်။ ရောဂါဖြစ်ပွားသူများသည် ၎င်းတို့၏နေအိမ်များနှင့် အခြားသောရေကြီးသည့်နေရာများကို သန့်ရှင်းရေးလုပ်ဆောင်နေစဉ် အခြားမြေဆီလွှာနှင့်ရေညစ်ညမ်းမှုတို့ဖြင့် ထိတွေ့ရာမှကူးစက်ခံရခြင်းဖြစ်သည်ဟု ယူဆရသည်။
ဆရာဝန်တစ်ဦးက leptospirosis ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍စိုးရိမ်မိကြောင်းပြောကြားပြီး အခြားပြည်နယ်များအတွက် ပဋိဇီဝဆေးများနှင့် ကာကွယ်ဆေးများပေးရန်တောင်းဆိုထားကြောင်းပြောကြားခဲ့သည်။ မေးခိုင်ရောဂါနှင့် တုပ်ကွေးရောဂါ ဖြစ်ပွားမှုတို့နှင့်ပတ်သက်၍လည်း တာဝန်ရှိသူများက စိုးရိမ်မကင်းဖြစ်ခဲ့ကြသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို