လွိုင်ကော် ဇွန် ၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများနှင့် ၎င်းတို့၏ သားသမီးများအား ပညာသင်စရိတ်နှင့် ဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂ ရက်က ပြည်နယ်ခန်းမ၍ ပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချူပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ မိဘများနှင့် ကျောင်းသား ကျောင်းသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ကျောင်းသား ကျောင်းသူများက “ဇာတိမာန်”သီးချင်းဖြင့် အဖွင့်သီချင်းသီဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် ဆရာ ဆရာမများ၊ တက္ကသိုလ် ပညာသင်ကြားနေသည့် ဝန်ထမ်းများ၊ တက္ကသိုလ်အဆင့်နှင့် အခြေခံပညာအဆင့်တွင် ပညာသင်ကြားနေသော ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် ဝတ်စုံများ ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)