တောင်ငူ ဇွန် ၃

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက် သင်တန်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက်သင်တန်းများကို ဇွန် ၃ ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန လက်အောက်ရှိ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပထမနှစ်မှ ပဥ္စမနှစ်အထိ သင်တန်းများနှင့် ဘွဲ့လွန်မဟာဘွဲ့တန်းသင်တန်းများ ဖွင့်လှစ်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တတိယနှစ်(ပထမနှစ်ဝက်) သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ အဆိုပါတက္ကသိုလ်တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူဦးရေ ၄၅၀ ကျော်ခန့် ကျောင်းအပ်နှံ သင်ကြားလျက်ရှိကြောင်း သိရသည်။

 

ဇော်ကိုကို (တောင်ငူ)