ဂန့်ဂေါ ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဇွန် ၃ ရက် နံနက်ပိုင်းမှ စတင်၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ အထကကျောင်း ခြောက်ကျောင်း၊ အထက(ခွဲ) သုံးကျောင်း၊ အလက လေးကျောင်း၊ အလက(ခွဲ) သုံးကျောင်း၊ အမက လေးကျောင်းနှင့် အမက(ခွဲ) တစ်ကျောင်းတို့၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၀၆၀ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
မောင်မျိုးမင်း(ပြန်ဆက်)