ကျောက်ဖြူ ဇွန် ၃

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၃ ရက် နံနက်ပိုင်းမှစတင် ဖွင့်လှစ်လျက်ရှိရာ မူလတန်းအဆင့်၌ ကျောင်းသား၊ ကျောင်းသူ ၂၄၉၆ ဦး၊ အလယ်တန်းအဆင့်၌ ကျောင်းသား၊ ကျောင်းသူ ၁၅၆၃ ဦးနှင့် အထက်တန်းအဆင့်၌ ကျောင်းသား၊ ကျောင်းသူ ၁၀၄၅ ဦး စုစုပေါင်း ၄၇၂၉ ဦးတို့ရှိပြီး ပျော်ရွှင်စွာ တက်ရောက်သင်ယူလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း