ရန်ကုန် ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မေ ၂၃ ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံခဲ့ရာ ယနေ့မှစတင်၍ နှစ်အလိုက် သင်ခန်းစာများ သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ၊ ဆရာ၊ ဆရာမများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြပြီး ကျောင်းအပ်နှံရေးအတွက် အခက်အခဲမရှိစေရန် ဖောင်ဖြည့်သွင်းခြင်း၊ ကျောင်းလခပေးသွင်းခြင်းများကို အဆင်ပြေချောမွေ့စွာ ကူညီဆောင်ရွက်ပေးကာ ကျောင်းစည်းကမ်း၊ အဆောင်နေစည်းကမ်းများနှင့် သင်ကြားစီမံကိစ္စများကို ရှင်းလင်းပြောကြားပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)