ဇွန် ၄
ဘရာဇီးနိုင်ငံတောင်ပိုင်းရီယိုဂရန်ဒီဒိုဆူလ်ပြည်နယ်တွင် ရာသီဉတုဆိုးရွားမှုကြောင့် သေဆုံးသူ ၁၇၁ ဦး ရှိလာကြောင်း နိုင်ငံပိုင်အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ပြောကြားသည်။
ဧပြီလ ၂၉ ရက်က စတင်ကာ စံချိန်တင်မိုးများရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး မြစ်ရေများ မြင့်တက်လာမှုကြောင့် ၂ ဒသမ ၃၉ သန်း ရေဘေးသင့်ခဲ့ပြီး ၄၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် ၎င်းတို့၏ပျက်စီးနေသောနေအိမ်များမှ လူပေါင်း ၆၁၇၉၀၀ မှာ ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့သည်ဟု ထိုအေဂျင်စီကဆိုသည်။
လက်တင်အမေရိကတွင် ဆန်စပါးအဓိကထုတ်လုပ်သည့် ဘရာဇီးနိုင်ငံ၏ စိုက်ပျိုးရေးအချက်အချာဒေသဖြစ်သည့် ရီယိုဂရန်ဒီဒိုဆူလ်ပြည်နယ်၏ ဒေသ ၄၉၇ ခုအနက် ၄၇၅ ခု ရေဘေးသင့်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို