ပြည်   ဇွန်   ၄

 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်   (ဒုတိယနှစ်ဝက်) သင်တန်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်(ပထမနှစ်ဝက်)သင်တန်းများကို ဇွန် ၃ ရက်က စတင်ဖွင့်လှစ်ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

 

ကျောင်းသား ကျောင်းသူများကို  ဘာသာရပ်အလိုက် ဆရာ ဆရာမများက သင်ကြား/သင်ယူမှုလုပ်ငန်းများ   ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်လက်ခံခြင်းလုပ်ငန်း၊ အဆောင်နေကျောင်းသား ကျောင်းသူများ ကျောင်းတွင်းအဆောင်  နေထိုင်နိုင်‌ရေးစီစဉ်ပေးခြင်းနှင့် ကျောင်းသား ကျောင်းသူများအားလုံး အခက်အခဲမရှိ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)