သံတောင်ကြီး  ဇွန်  ၅

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ဘုရင့်နောင်တပ်နယ် အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ် စကားဝိုင်းဆွေးနွေးပွဲကို ဇွန် ၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ နော်လော်မူက  ဦးဆောင်ပြီး မထွန်းနဒီပို(Grade–9)မှ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မစန္ဒီဟိန်းဇော်(Grade–8)မှ လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဝင်းလက်လက်နိုင်(Grade–11)မှ လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မလှိုင်ချစ်ဖူး (Grade–7)မှ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊   မအိစောဖြိုး (Grade 10)မှ  လူငယ်နှင့်သဘာဝပတ်ဝန်းကျင် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆွေးနွေးပွဲကို ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စကားဝိုင်း ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့်  အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်နှင့် မေးမြန်းဆွေးနွေးတတ်သည့်   အလေ့အကျင့် ကောင်းများရှိလာစေရန် ရည်ရွယ်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)

 

 

နော်နော်မူ

၀၉၆၈၆၃၈၀၅၀၅