ဇွန် ၅

တရုတ်နိုင်ငံအရှေ့ပိုင်းရှန်ဒေါင်ပြည်နယ်တွင် ကျောက်မီးသွေးတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ လူရှစ်ဦး ပိတ်မိနေခဲ့သည်။ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့က ၎င်းရှစ်ဦးကိုရှာဖွေတွေ့ရှိခဲ့ပြီးနောက်ကယ်ဆယ်ရေးလုပ်ငန်းအဆုံးသတ်ခဲ့သည်ဟု ကယ်ဆယ်ရေးသမားများက ယနေ့တွင်ပြောကြားသည်။

ရှစ်ဦးအနက် ငါးဦးသည် ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး သုံးဦးသေဆုံးသွားခဲ့သည်။ အဆိုပါရေကြီးမှုသည် Tai'an မြို့၊ Ningyang ခရိုင် Huafeng ကျောက်မီးသွေးတွင်းတွင် စနေနေ့ည ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းကျောက်မီးသွေးတွင်း မြေအောက်တွင် အလုပ်လုပ်ကိုင်နေသူ ဆယ်ဦးရှိသည့်အနက် ရှစ်ဦးပိတ်မိနေခဲ့ပြီး နှစ်ဦးလွတ်မြောက်သွားသည်။ တနင်္လာနေ့က ပိတ်မိနေသူတစ်ဦးကို သေဆုံးလျက် တွေ့ရှိခဲ့ပြီး အခြားခုနစ်ဦးကို အင်္ဂါနေ့ကတွေ့ရှိခဲ့သည်ဟု ကယ်ဆယ်ရေးသမားများက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို