ဇွန် ၆

သီရိလင်္ကာနိုင်ငံတွင် ဇွန် ၁ ရက်နေ့ကစတင်ကာ ရာသီဉတုအခြေအနေဆိုးရွားမှုများကြောင့် လူပေါင်း ၂၅၀၀၀၀ နီးပါးရေဘေးသင့်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့ကပြောကြားသည်။‌ ကိုလံဘို၊ ဂမ်ပါဟာ၊ ကာလူတရာ၊ ဂါလီနှင့် မာတရာခရိုင်များတွင် မိုးသည်းထန်စွာရွာသွန်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူးက မီဒီယာကို ပြောကြားသည်။

ဆာဘရာဂါမူဝါပြည်နယ်ရှိ ကီဂါလီနှင့်ရတ်နာပူရာခရိုင်၊ တောင်ပိုင်းပြည်နယ်ရှိ မာတရာ၊ ဂါလီ၊ ဟမ်ဘန်တိုတာခရိုင်များ၊ အနောက်ပိုင်းပြည်နယ်ရှိ ကိုလံဘို၊ ကာလူတရာခရိုင်တို့တွင် မြေပြိုမှုဆက်လက်ဖြစ်ပွားနိုင်ကြောင်း သတိပေး ပြောကြားထားသည်။

မိုးထစ်ချုန်းရွာသွန်းနေစဉ်အတွင်း မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခြင်းတို့ဖြစ်ပေါ်လာနိုင်သဖြင့် အပျက်အစီးနည်းပါးစေရန် အတွက် လုံလောက်သောကြိုတင်ကာကွယ်မှုများလုပ်ဆောင်ထားကြရန် မိုးလေဝသဌာနက အများပြည်သူများအား ပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို