ဇွန် ၆
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် ယမန်နေ့ညနှောင်းပိုင်းက ငါးဖမ်းလှေတစ်စီးမီးလောင်မှုဖြစ်ပွားရာမှ သေဆုံးသူ ခြောက်ဦးအထိ မြင့်တက်လာကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ယနေ့တွင် ပြောကြားသည်။
အဆိုပါမတော်တဆမှုတွင် ခြောက်ဦးအလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အခြားခြောက်ဦး အသက်ရှင်ကျန်ရစ်ကြောင်းနှင့် အသက်ရှင်ကျန်ရစ်သူခြောက်ဦးအနက် တစ်ဦးမှာအခြေအနေစိုးရိမ်ရသည်ဟု သိရသည်။
ထိုလှေမီးလောင်ကျွမ်းမှုသည် စီဘူပြည်နယ် နာဂါမြို့၏ ကမ်းရိုးတန်း ရေမိုင် ၁ ဒသမ ၅ ခန့်အကွာတွင် ယမန်နေ့က ဒေသစံတော်ချိန် ည ၈ နာရီ ၂၅ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းလှေပေါ်တွင် ၁၂ ဦး လိုက်ပါလာသည်ဟု သိရသည်။ လှေမီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပတ်သက်ပြီးသိရှိရန် စုံစမ်းစစ်ဆေးမှုဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း ထပ်လောင်းဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို