နေပြည်တော် ဇွန် ၆
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုး ဦးစီး၍ ဌာနဆိုင်ရာများပါဝင် သောအဖွဲ့သည် တောင်ပေါ်ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ ဒေသလူမှုစီးပွား ဘဝများ ပိုမိုဖွံ့ဖြိုးတက်စေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင် ရွက်ရန် ယနေ့တွင် နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ ဝေသာလီကျေးရွာသို့ ရောက်ရှိကြသည်။
ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ဝေသာလီကျေးရွာ ရွှေဘုံသာ ကျောင်းတိုက်ဆရာတော် ဆရာတော်ဘဒ္ဒန္တကုမာရထံ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များ ဆပ်ကပ်လှူဒါန်းကြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ဝေသာလီကျေးရွာရှိ ရွှေဘုံသာကျောင်းတိုက်၌ သစ်တွန်၊ ပြည်ထောင်ကိုး၊ ဘန့်ဘား၊ ဘို့မ၊ အလယ်ချောင်းနှင့် ကိုးတစ်ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲ တာဝန်ခံများ၊ အခြေခံကျောင်းပညာကျောင်းများမှ ကျောင်းအုပ်များ၊ ဆရာ ဆရာများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူလူထုတို့နှင့်တွေ့ ဆုံသည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီအဖွဲ့ဝင်က မြို့ပြနှင့် ကျေးရွာများဖွံ့ဖြိုးတိုး တက်မှု ကွာဟမှုမရှိစေရေးအတွက် ယခုကဲ့သို့ ကွင်းဆင်း၍ လာရောက်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရရှိမှသာ ဒေသဖွံ့ ဖြိုးရေးဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နယ်မြေတည် ငြိမ်အေးချမ်းလုံခြုံရေးသည် အရေးကြီးသည့်အတွက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထု တစ်သားတည်းရှိရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုဒေသတွင် သီးနှံများ စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရကြောင်း၊ ဒေသနှင့် ကိုက်ညီသည့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးစေလိုပြီး နှစ်ရှည်သီးနှံပင်များ၊ ဒေသနှင့် ကိုက်ညီသည့် ကော်ဖီပင်များ စိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းနိုင်သဖြင့် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ ဆောင်ရွက် စေလိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် တောင်ပေါ်ဒေသ ကျေးရွာအုပ်စု (၇)အုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အခြေခံကျောင်း များမှ ကျောင်းအုပ်များနှင့် ဆရာ ဆရာမများကို စားသောက်ကုန်များ၊ လူသုံးကုန် ပစ္စည်းများ၊ ဆေးစိမ်ခြင်ထောင်များ၊ First Aid Kid ဆေးအိတ်များနှင့် ဆေးဝါးများ၊ မျိုးစေ့များ၊ ကလေးကစားစရာပစ္စည်းများ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် စားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်ထောင်ကိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်း ရင်းသား ပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးတို့အတွက် တင်ပြ ကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင် ရွက်ပေးမည့် လုပ်ငန်းအစီအမံများကို ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံတိုင်း ရင်းသား ပြည်သူလူထုကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင် စကားပြောကြားကာ နေပြည်တော်ကောင်စီဝင်က နိဂုံးချုပ်အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် ဝေသာလီကျေးရွာ ရွှေဘုံသာကျောင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအုပ်စုများမှ ဒေသခံ ပြည်သူများနှင့် ကလေးငယ်များအား တိုးချဲ့ကာကွယ်ဆေး၊ သားအိမ်ခေါင်း ကာကွယ် ဆေး၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ သည့် အခြေအနေတို့ကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက် အဆင့်(၃) ဖြင့် ဆောင်ရွက်ပေးသည့် မွေးစာရင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးနေမှုတို့ကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ၏ တိရစ္ဆာန်များကို ကာကွယ်ဆေးထိုးနှံပေးနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးသည်။
သတင်းစဉ်