နေပြည်တော် ဇွန် ၆

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ချင်းတွင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ထို့သို့ဆောင်ရွက်ရာတွင် လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်မှု အခက် အခဲများကြောင့် သတ်မှတ်ရက်အတွင်း ကောက်ယူရန် ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့် ကောက်ယူနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အိမ်ထောင်စု မေးခွန်းပုံစံအတွက် မေးခွန်း (၆၈)ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း (၁၈)ခုဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူမည်ဖြစ်သည့် အတွက် ပြည်သူများအနေဖြင့် မေးခွန်းများကို မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပူးပေါင်း ကူညီနိုင်ရေးအတွက် ပြည်သူလူထု အသိပညာပေး လုပ်ငန်းများကိုလည်း ထိထိရောက် ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ယခုလုပ်ငန်းစဉ်ကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ အားလုံး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းကြောင်း ပြောကြားသည်။ 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူရေးအတွက် လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီ အစဉ်များကို ရှင်းလင်းပြောကြားပီး သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူလူထု အသိပညာပေး TV Spot များကို ပြသသည်။

ဆက်လက်၍ တိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံတို့က သန်းခေါင်စာရင်းလုပ်ငန်းစဉ် အောင်မြင် ရေးအတွက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး ကြသည်။

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက သန်း ခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေး အပ်ပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် အသုံးပြုမည့် ပစ္စည်းများ ခင်းကျင်းပြသ ထားမှုကို ကြည့်ရှုသည်။ 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် မုံရွာမြို့ ပြည်သူ့အားကစားကွင်း၊ ဖူဆယ်အားကစားရုံသို့ ရောက်ရှိပြီး နိုင်ငံသားကတ်ပြား ရှိပြီးဖြစ်သည့် ပြည်သူများအား ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို နေပြည်တော် ရုံးချုပ်ရှိ e-ID Server မှ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်၍ ကိုယ်ရေး အချက် အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း (၁၀)လုံးပါ Unique ID နံပါတ်ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးကာ လုပ်ငန်း များ မှန်ကန်မြန်ဆန်စေရေးနှင့် အချက်အလက် ကွဲလွဲမှုများရှိပါက လုပ်ထုံးလုပ်နည်း နှင့်အညီ ပြန်လည်ပြင်ဆင်အတည်ပြု ဆောင်ရွက်နိုင်ရေး မှာကြားသည်။

ထို့နောက် Unique ID နံပါတ် ရရှိရေးအတွက် လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများ၏ လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းဆွေးနွေးပြီး UID နံပါတ် ထုတ် ပေးဆောင်ရွက်မှုနှင့် အခြားသောဝန်ဆောင်မှုများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မှု အခြေ အနေများကို ရှင်းလင်းမှာကြားသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ ကာ လိုအပ်သည်များ မှာကြား၍ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက်  ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ  ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရုံးအဆောက်အဦ အခြေအနေနှင့် ရုံးဝန်းအတွင်း ရာသီသီးနှံပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု၊ ၁၀၀ KVA Transformer တပ်ဆင်ပြီးစီးမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်