DMH-WRF Model ၏ ၇-၆-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၈-၆-၂၀၂၄ ရက်နေ့မှ ၁၀-၆-၂၀၂၄ ရက်နေ့အထိ မုတ်သုံလေဖိအားနည်းမြောင်တန်းသည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသများမှတစ်ဆင့် မြစ်ဝကျွန်းပေါ်ဒေသများကို ဖြတ်ကျော်နေသည်ကို တွေ့ရှိရပါသည်။

 

အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data ၏     ၇-၆-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၀၆:၃၀) နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၈-၆-၂၀၂၄ ရက်နေ့မှ ၁၀-၆-၂၀၂၄ ရက်နေ့အထိ မုတ်သုံလေဖိအားနည်းမြောင်တန်းသည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသများမှတစ်ဆင့် မြစ်ဝကျွန်းပေါ်ဒေသများကို ဖြတ်ကျော်နေသည်ကို တွေ့ရှိရပါသည်။

 

အင်္ဂလန်နိုင်ငံ၊ European Centre for Medium-Range Weather Forecasts (ECMWF) Data ၏ ၇-၆-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၀၀:၃၀) နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၁၀-၆-၂၀၂၄ ရက်နေ့တွင် မုတ်သုံလေဖိအားနည်းမြောင်တန်းသည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့မှ ဖြတ်ကျော်နေသည်ကို တွေ့ရှိရပါသည်။

 

အိန္ဒိယနိုင်ငံ၊ Global Forecasting Model (GFS) Data ၏ ၇-၆-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၀၆:၃၀) နာရီ အချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၁၀-၆-၂၀၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသအနီးတို့တွင် လေဖိအားနည်းဆဲလ် တစ်ခုဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါသည်။

 

သင်္ချာပုံစံပြုမော်ဒယ်များ၏ ခန့်မှန်းချက်များအားလုံးသည် တိုင်းထွာသည့် အချိန်၊ အသုံးပြုသည့် Data တို့ အပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနေပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ တွက်ချက်ရရှိသည့် ခန့်မှန်းချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

Crd> မိုး/ဇလ