မုဒုံ     ဇွန်    ၈

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက ကမာဝက်မြို့ စိန်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌  ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မွန်ပြည်နယ် ဦးစီးမှူး  ဦးမြတ်သွင်၊ ခရိုင်ဦးစီးမှူး ဦးသန်းအေးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး မုဒုံမြို့နယ် ဦးစီးမှူး ဦးဆန်းဦးနှင့် ဝန်ထမ်းများက ရပ်ကွက်နေပြည်သူများအား အသက် (၁၀)နှစ်ပြည့်  နိုင်-၃ (က) ၂၁ ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်-၆(က)   ၉ ဦးနှင့် မိတ္တူ(၅)ဦး စုစုပေါင်း (၃၅)ဦးကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ နေ့ချင်းအပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)