မိုင်းဖြတ် ၊ ဇွန် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် ဇွန်လ ၆ရက် ညနေပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် Box Culvert တံတားတစ်စင်းနှင့် ကွန်ကရစ်လမ်း ရေတိုက်စားပြိုကျပျက်စီးခဲ့ရာ ယမန်နေ့ညနေပိုင်းက အများပြည်သူများ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ယာယီတံတားတစ်စင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးညီညီအောင်နှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှု၊ တာဝန်ရှိသူများ၏ ဆောင်ရွက်မှုတို့ဖြင့် အများပြည်သူများ ဖြတ်သန်းသွားနိုင်ရေးအတွက် ယာယီ သစ်သားတံတားကို ဆောင်ရွက်ခဲ့ရာ ယခုအခါ အများပြည်သူများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ Box Culvert တံတားတစ်စင်းနှင့် ကွန်ကရစ်လမ်း ရေတိုက်စားပျက်စီးပြိုကျခြင်းမှာ ဇွန်လ ၆ရက်က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


