ညောင်ဦး ဇွန် ၉
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အပတ်စဉ် ပလတ်စတစ် ကောက်ယူရှင်းလင်းလျက်ရှိရာ Bagan Plastic Campaign အဖွဲ့မှဦးဆောင်ကာ ပလတ်စတစ်အမှိုက်များ သီးသန့်ကောက်ယူခြင်းကို ယမန်နေ့ နံနက် ၇ နာရီမှစတင်ကာ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်း ကိုလုံးရပ်၊ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ပလတ်စတစ်အမှိုက်များ ဧရာဝတီမြစ်ရေတက်ချိန် မြစ်ထဲပါမသွားစေရန် ကောက်ယူခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်စေရေး Bagan Plastic Campaign အဖွဲ့မှဦးဆောင်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန - ပုဂံဌာနခွဲမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ညောင်ဦးမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ Balloons ဝန်ထမ်းများ၊ ဧည့်လမ်းညွှန်အသင်းမှ အသင်းသား/ အသင်းသူများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ အသင်းသား/ အသင်းသူများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)မှ ဝန်ထမ်းများသည် ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်း ကိုလုံးရပ်၊ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ရှိ ပလတ်စတစ်အမှိုက်များအား ဧရာဝတီမြစ်ရေတက်ချိန် မြစ်ထဲသို့ ပလတ်စတစ်အမှိုက်များ ပါမသွားစေရန် ပလတ်စတစ်အမှိုက်များ ကောက်ယူ၍ ပလတ်စတစ်အမှိုက်များအား စနစ်တကျ စုစည်းစွန့်ပစ်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း


