ဒါအက်စ်ဆလမ်၊ ဇွန် ၉
တန်ဇန်းနီးယားနိုင်ငံ အနောက်ပိုင်း ဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်နေသည့် ဘူရွန်ဒီ ဒုက္ခသည် တစ်သန်းကျော်မှာ ၂၀၁၇ ခုနှစ်မှစတင်ကာ ၎င်းတို့၏ သဘောဆန္ဒအလျောက် နေရပ်ပြန်သွားခဲ့ကြသည်ဟု ဘူရွန်ဒီ အရာရှိတစ်ဦးက ပြောသည်။
ဘူရွန်ဒီဒုက္ခသည် တစ်သိန်းခန့်မှာ တန်ဇန်းနီးယားနိုင်ငံ အနောက်ပိုင်းရှိ နာဒူတာနှင့် နီယာရူဂူစု ဒုက္ခသည် စခန်းများတွင် ခိုလှုံနေထိုင်ဆဲဖြစ်သည်ဟု ဘူရွန်ဒီနိုင်ငံ ပြည်ထဲရေးနှင့် အသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနအတွင်းဝန် သီယိုဖီလီ နာဒါရူဖာတီရီကပြောသည်။ နာဒါရူဖာတီရီသည် တန်ဇန်းနီးယား ပြည်ထဲရေးဝန်ကြီး ဟာမတ်မတ်ဆောနီနှင့် တွေ့ဆုံစဉ် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၄ခုနှစ် ဒီဇင်ဘာ ၁ ရက် အထိ ကျန်ရှိနေသေးသည့် ဘူရွန်ဒီဒုက္ခသည်များကို နေရပ်ပြန်ပို့နိုင်ရေး နှစ်နိုင်ငံစလုံးမှအရာရှိများက သဘောတူခဲ့သည်။ ဘူရွန်ဒီနိုင်ငံ၏ ငြိမ်းချမ်းရေးပြန်လည်ထိန်းသိမ်းမှု လုပ်ငန်းများအပေါ် တန်ဇန်းနီယားနှင့် ဘူရွန်ဒီနှစ်နိုင်ငံစလုံးမှ ခေါင်းဆောင်များက သဘောတူညီမှု ရရှိပြီးနောက် ၂၀၁၇ခုနှစ်မှ စတင်ကာ ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။
ဆင်ဟွာ