နေပြည်တော် ဇွန် ၁၀

 

နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် မိုးသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် သီးနှံစုံစိုက်ပျိုးလျက်ရာ ဖူးစားပြောင်းများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

တပ်ကုန်းမြို့နယ်တွင် ဖူးစားပြောင်းစိုက်ခင်းများ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ မျိုးစေ့ကုန်ကျမှု သက်သာနိုင်ရေး၊ အပင်ဖြစ်ထွန်း ကောင်းမွန်နိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းစိုက်ပျိုးလျက်ရှိကြောင်း၊ ဖူးစားပြောင်းကို ၁၃၆၄ ဧက လျာထားစိုက်ပျိုး၍ ၂၅၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် ဖူးစားပြောင်း ရိတ်သိမ်းချိန်မှာ    ဈေးကောင်းရရှိရေး မျှော်လင့်ကြောင်း ဖူးစားပြောင်း စိုက်တောင်သူတစ်ဦးထံမှ သိရသည်။

 

တင်စိုးလွင်