လားရှိုး ဇွန် ၁၀
လားရှိုးတက္ကသိုလ် အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇွန် ၁၀ ရက် နံနက်ပိုင်းက လားရှိုးတက္ကသိုလ် အားကစားရုံတွင် ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။ ထို့နောက် ဘောလီဘောပြိုင်ပွဲကို ယှဉ်ပြိုင်ကြရာ ပထမပွဲစဉ်အဖြစ် ဝိဇ္ဇာညွန့်ပေါင်းအသင်းနှင့် ရူပဗေဒအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။ လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲကို ဇွန် ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ အမျိုးသား ခြောက်သင်း၊ အမျိုးသမီး ငါးသင်း ယှဉ်ပြိုင်ကြကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)


