မကွေး ဇွန် ၁၀

 

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ်၏ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ်(၁၁/၂၀၂၄) ဖွင့်ပွဲကို ဇွန် ၁၀ ရက် နံနက်ပိုင်းက အဆိုပါကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်း/ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်ကြားရေး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ မကွေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူလေးများက “ပန်းတိုင်းပွင့်ရာ တို့ကျောင်းသာ” တေးသီချင်း သီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။ ထို့နောက် မကွေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ကျောင်းသူလေးများက သနပ်ခါးတေးသီချင်းနှင့် ပညာပန်းတို့ လန်းရာမြေ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဖျော်ဖြေတင်ဆက်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

အောင်ကို(ဖန်းခါးမြေ)