ရန်ကုန် ဇွန် ၁၀

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်)မှ ကြီးမှူးဖွင့်လှစ်သော သတင်းရေးသားနည်း သင်တန်းဖွင့်ပွဲကို ဇွန် ၁၀ ရက် နံနက်ပိုင်းက သန်လျင်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက သင်တန်းဖွင့် အမှာစကားပြောကြားပြီး သင်တန်းနည်းပြ ကြေးမုံသတင်းစာ စာတည်းမှုးချုပ်(ငြိမ်း) ဦးခင်မောင်ကျော်ဒင်က သင်တန်းတွင်ပို့ချမည့် သတင်းရေးသားနည်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် သင်တန်းသား သင်တန်းသူများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးကြသည်။

 

သင်တန်းသို့ ခရိုင်ရှိ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို မြို့နယ်များနှင့် တံတားမြို့ရုံးတို့မှ ဦးစီးအရာရှိများ၊ ဓာတ်ပုံကျွမ်းကျင်(၂) ဝန်ထမ်းများ တက်ရောက်ကြသည်။

 

သန်းဝင်း(သန်လျင်)