တောင်ကြီး ဇွန် ၁၀
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဥပဒေ၂၀၁၈ ပြဌာန်းချက်နှင့်အညီ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး (၃/၂၀၂၄)ကို ဇွန် ၁၀ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာများ တင်ပြကာ အစည်းအဝေး တက်ရောက်လာကြသူများက အထွေထွေဆွေးနွေး၍ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
မောင်မောင်သန်း(တောင်ကြီး)


