တပ်ကုန်း ဇွန် ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ စားသုံးဆီဖူလုံရေး မြေပဲ ၁၅၀၁၇ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် မြေပဲစိုက်ခင်းများ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ မျိုးစေ့ကုန်ကျမှု သက်သာနိုင်ရေး၊ အပင်ဖြစ်ထွန်းကောင်းမွန်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းစိုက်ပျိုးကြပြီး မြေပဲ ၁၅၀၁၇ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ရာ ယခုအခါ မြေပဲ ၂၈၁၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
တပ်ကုန်မြို့နယ်ရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများဖြစ်သည့် ဖူးစားပြောင်း၊ ပဲတီစိမ်း၊ နှမ်း၊ နေကြာနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် သီးနှံစုံစိုက်ပျိုးလျက်ရှိရာ စားသုံးဆီဖူလုံရေး မြေပဲများကိုလည်း စိုက်ပျိုးလျက်ရှိ သည်။
(မြို့နယ် ပြန်/ဆက်)


