ကန့်ဘလူ ဇွန် ၁၂
အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် ( ၄/၂၀၂၄) ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်း တိုင်းဒေသကြီး ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်ထက်နိုင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းဖွင့်လှစ်မည့် အခြေအနေများ၊ သင်တန်း စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ကာ လက်တွေ့ကွန်ပျူတာ သင်ကြားပေးနေမှုကို ကြည့်ရှု အားပေးခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၀ ဦး တက်ရောက် တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလ တစ်လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်လာစေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တကျလေ့လာ ကျွမ်းကျင်တတ်မြောက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


