ဇွန် ၁၂
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအနောက်ပိုင်း Mai-Ndombe ပြည်နယ်ရှိ ကွန်ဂိုမြစ်၏မြစ်လက်တက်များအနက် တစ်ခုဖြစ်သော Kwa မြစ်တွင် ဇွန် ၁၀ ရက်နေ့နှောင်းပိုင်းက လှေတစ်စင်းနစ်မြုပ်ခဲ့ပြီးနောက် ကလေး ၂၁ ဦးအပါအဝင် လူ ၈၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က သတင်းထောက်များကို ယမန်နေ့ကပြောကြားသည်။
အဆိုပါမတော်တဆမှုသည် Lediba ကျေးရွာအနီးတွင် ဇွန် ၁၀ ရက်နေ့ ဒေသစံတော်ချိန် ည ၁၁ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုလှေနစ်မြုပ်မှုတွင် လက်ရှိအချိန်အထိ လူပေါင်း ၁၈၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူဦးရေ မြင့်တက်နိုင်ဖွယ်ရှိသည်ဟု သတင်းရင်းမြစ်ကဆိုသည်။ လှေပေါ်တွင် လိုက်ပါလာသည့်ခရီးသည်အရေအတွက်ကို မသိရှိရသေးကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို