ဇွန် ၁၃

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့၏ဆက်လက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးမှု ၃၇၂၀၂ ဦးအထိ ရှိလာကြောင်း ဂါဇဦကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

လွန်ခဲ့သော၂၄ နာရီအတွင်း အစ္စရေးတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၃၈ ဦးသေဆုံးပြီး  လူ ၁၀၀ ထိခိုက်ဒဏ်ရာရရှိခဲ့ရာ သေဆုံးသူပေါင်း ၃၇၂၀၂ ဦးနှင့် ဒဏ်ရာရရှိသူပေါင်း ၈၄၉၃၂ ဦး ရှိလာကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

အချို့သောထိခိုက်ဒဏ်ရာရရှိသူများမှာ ပြင်းထန်သောအမြောက်များဖြင့်ပစ်ခတ်မှုကြောင့် အပျက်အစီးများအောက်တွင် ပိတ်မိနေဆဲဖြစ်သည်ဟု သိရသည်။

၂၀၂၃ ခုနှစ်  အောက်တိုဘာလ ၇ ရက်က အစ္စရေးနယ်စပ်တောင်ပိုင်းကို ဟားမတ်စ်တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အစ္စရေး ၁၂၀၀ သေဆုံးပြီး ၂၅၀ နီးပါး ဓားစာခံခေါ်ဆောင်သွားခြင်းခံရသဖြင့် ဟားမတ်စ်တို့ကိုလက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ကြီးမားသောတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို