ထားဝယ်   ဇွန်  ၁၅

 

တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်မြို့၌   ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့ ဆောင်ပုဒ်နှင့်အညီ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေး လှုံ့ဆော်ရေး Billboard စိုက်ထူပွဲအခမ်းအနားကို ဇွန် ၁၄ ရက် နံနက်ပိုင်းက  ထားဝယ်မြို့  အာဇာနည်လမ်း   မြို့တော်ခန်းမအနီး မြင်းစီးကြေးရုပ်ရှေ့၌ ကျင်းပသည်။

 

ရှေးဦးစွာ   တိုင်းဒေသကြီး  သန်းခေါင်စာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသ ကြီးဝန်ကြီးချုပ်   ဦးမြတ်ကို၊   တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက် အေး၊  တိုင်းဒေသကြီး  သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ   တိုင်းဒေသကြီး   စီမံအုပ်ချုပ်ရေးမှူး   ဦးခင်မောင်ချိုတို့က   လူဦးရေနှင့်  အိမ်အကြောင်းအရာ သန်းခေါင်စာရင်း    လူထုအသိပညာပေး  လှုံ့ဆော်ရေး   Bill  Board ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ 

 

ထို့နောက်   လူဝင်မှုကြီးကြပ်ရေးနှင့်     ပြည်သူ့အင်အားဝန်ကြီးဌာန၊  တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ က ခရီးသွားလာပြည်သူများ၊ ဒေသခံပြည်သူများအား  အောက်တိုဘာ  ၁  ရက်မှ ၁၅ ရက်အထိ ကောက်ယူမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ  သန်းခေါင် စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့်    ပူးပေါင်း ပါဝင် နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

 

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်း များ ရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့်    လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကိုရရှိရန် စသည့်ရည်ရွယ်ချက်ဖြင့်  သန်းခေါင်စာရင်း ကောက်ယူခြင်းဖြစ်သည်။

 

စာရင်းကောက်များသည်      မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း     တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile  Tablet များအသုံးပြု၍ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာ   ၁  ရက်မှ  ၁၅   ရက်အတွင်း ၁၅ ရက်ကြာ တစ်နိုင်ငံလုံးတွင်  သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)