ညောင်ဦး မေ ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ အလိုတော်ပြည့်ဘုရား တောက်ဘက် ဘူးလည်သီးဘုရားပတ်ဝန်းကျင်ရှိ ရှေးဟောင်းဘုရားများ ဘုရားအစုအဝေးအတွင်း ယနေ့ နံနက် ၇ နာရီက ညောင်ဦးခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များနှင့် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များက ညောင်ဦးမြို့မှ ပုဂံမြို့သစ်သို့သွားရာ အနော်ရထာနှစ်လမ်းသွားလမ်းမကြီး တောင်ဘက် ဘူးလည်သီးဘုရားအနီးရှိ ရှေးဟောင်းဘုရားများ အစုအဝေးအတွင်း အမှိုက်များ၊ ပေါင်းမြက်များ၊ ဏမနီသံလျက်ပင်များနှင့် ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်း၍ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း(ပြန်/ဆက်)


