တိုင်းပြည်၏ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်ကြိုးပမ်းသည့်အနေဖြင့် အယ်ဘေး နီးယား ခရီးသွားလုပ်ငန်းနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနက “Be taken by Albania” ဆိုသည့် ခရီးသွား လုပ်ငန်းမြှင့်တင်ရေး အစီအစဉ်တစ်ခုကို စတင်လိုက်ပြီဖြစ်သည်။

 

mdn


  
ထိုအစီအစဉ် စတင်ဖွင့်လှစ်သည့် အခမ်းအနားတွင် အယ်ဘေးနီးယား ခရီးသွားလုပ်ငန်းနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနဝန်ကြီး ဘလန်ဒီကလိုစီက အယ်ဘေးနီးယားနိုင်ငံ၏ပုံရိပ် ကောင်းမွန်လာစေမည့် ဆောင်ရွက်ချက် များ လုပ်ဆောင်ရန်နှင့် ပြည်ပခရီးသွားများကိုဆွဲဆောင်ရန် မှာကြားခဲ့သည်။

 

အယ်ဘေးနီးယားနိုင်ငံ၌ ခရီးသွားလုပ်ငန်း တိုးတက်လာနိုင်သည့် အလားအလာများစွာရှိကြောင်း၊ ယခုအစီအ စဉ်က အယ်ဘေးနီးယားနိုင်ငံသို့ မရောက်ဖူးသူများကို ရည်မှန်းကြောင်း အခမ်းအနားသို့တက်ရောက်ခဲ့သည့် အယ်ဘေးနီးယားနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ လူဂီဆိုရီကာက ပြောကြားသည်။

 

နိုင်ငံ့အကြီးအကဲများ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်လျင် နိုင်ငံ၏ပုံရိပ် တိုးတက်လာမည်ဟု အယ်ဘေးနီးယားနိုင် ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး အက်ဒရီယန်မိုင်ထရီက ပြောကြားသည်။ 

 

mdn

 

၂၀၁၈ ခုနှစ်အတွင်း အယ်ဘေးနီးယားနိုင်ငံသို့ ပြည်ပခရီးသွား ၆ သန်းခန့် လည်ပတ်ခဲ့ပြီး နှစ်အလိုက် ၁၅ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း အယ်ဘေးနီးယား စာရင်းအင်းအဖွဲ့က မကြာသေးမီက ထုတ်ပြန်ခဲ့ သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်