ရန်ကုန် ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် မိသားစုများနှင့် အမျိုးသမီးကော်မတီဝင် အလှူရှင်များစုပေါင်း၍ ဆွမ်းဆန်၊ ဆီနှင့် စာရေးကိရိယာများလှူဒါန်း ပွဲ အခမ်းအနားကို ဇွန် ၁၄ ရက် နံနက် ၁၀ နာရီက မြင်သာ မြို့ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြင်သာ မြို့ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တတေဇနိယ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။ ဆက်လက်၍ မြင်သာမြို့ဦးဘုန်းတော်ကြီးသင် ပညာရေး ကျောင်းနာယက ဆရာတော်ကြီးနှင့် ဆရာတော်များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် အလှူရှင် များက ဆွမ်းဆန်၊ ဆီနှင့် စာရေးကိရိယာများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ မြင်သာ မြို့ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇနိယ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေပြီး အခမ်းအနား ကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာရုပ်သိမ်းခဲ့သည်။ ထို့နောက်ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် မိသားစုများနှင့် အမျိုးသမီးကော် မတီအလှူရှင်များက မြင်သာ မြို့ဦး ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ ကျောင်းသား ကျောင်းသူများအား ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ကလေးများ လက်ဝယ် အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)


