လန်ဒန် ဇွန် ၁၆

ဗြိတိန်နိုင်ငံ၏ ဝေလမင်းသမီးသည် မတ်လမှစတင်ကာ ကင်ဆာရောဂါကုသမှုခံယူနေသည့် နောက်ပိုင်း    ပထမဦးဆုံး အကြိမ်အဖြစ် ကိုယ်ရေးကိုယ်တာ စာတစ်စောင်ထုတ်ပြန်ခဲ့သည်။ ဝေလမင်းသား ဝီလီယံနှင့်လက်ထပ်ထားသည့် ကတ်သရင်းသည် ၎င်း၏ ကင်ဆာရောဂါကုသမှုမှာ အခြေအနေများ တိုးတက်ကောင်းမွန် နေသည်ဟု ဇွန် ၁၄ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ချားလ်ဘုရင်၏ မွေးနေ့ပွဲ အထိမ်းအမှတ်  ချီတက်ပွဲအခမ်းအနား၌  ဝေလမင်းသမီး  တက် ရောက်မည်ဟု ၎င်းက ထုတ်ဖော် ပြောကြားခဲ့သည်။ ဒီဇင်ဘာလမှစတင်ကာ ဝေလမင်းသမီးကတ်သရင်းသည် လူထုရှေ့မှောက် ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။ ချားလ်ဘုရင်၏ မွေးနေ့ပွဲအခမ်းအနားတွင်  ပထမဆုံးအကြိမ်အဖြစ် လူထုရှေ့တွင်   ပြန်လည်ထွက်ပေါ်လာမည်ဖြစ်သည်။

အသက် ၄၂ နှစ်အရွယ် ဝေလမင်းသမီးသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဝမ်းဗိုက်ပိုင်း   ခွဲစိတ်ကုသမှုခံ ယူခဲ့သည်။  နောက်ပိုင်း၌ ၎င်းတွင်  ကင်ဆာရောဂါခံစားနေရကြောင်း  တွေ့ရှိခဲ့ပြီး  ကုသမှုပိုင်းတွင်  အာရုံစိုက်ရန် ဝေလမင်းသမီး၏  တော်ဝင်လုပ်ငန်းဆောင်တာများကို ရပ်နားခဲ့သည်။

အင်န်အိတ်ချ်ကေ