မိုင်းဆတ်  ဇွန် ၁၆

 

မိုင်းဆတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျတီကျေးရွာအုပ်စု၊‌ ချောင်းဆုံ ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် တည်ဆောက်ပြီးစီးသည့် ကျေးရွာ ဘက်စုံသုံးခန်းမဆောင်အား ယနေ့ နံနက်ပိုင်းက ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှု စစ်‌ဆေးခဲ့သည်။


 

ထိုသို့စစ်ဆေးရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင့်ဝေ၊ မိုင်းဆတ်ခရိုင်ဦးစီးမှူး ဦးခင်မောင်တိုးနှင့် တာဝန်ရှိသူများက အလျား ၃၆ ပေ ၊ အနံ ၂၀ ပေ ၊ အမြင့် ၁၁ ပေရှိ ကျေးရွာဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်‌ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


 

အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)  ပံ့ပိုးရန်ပုံငွေကျပ် သိန်း (၁၅၀)ကို အသုံးပြုကာ ပြည်နယ်/ခရိုင်/မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာ ပံ့ပိုးမှုဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ (၈၀)၊ လူဦးရေ (၄၃၇)ကို အကျိုးပြုနိုင်ခဲ့ကြောင်း မိုင်းဆတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မောင်ခိုင်(ကျေးလက်)