ပေါင်းတည် ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် တောင်လွှဲကျေးရွာရှိ ကုန်ထုတ်လမ်းဘေးဝဲ၊ယာတွင် ကျွန်းပင် ၁၀၀ စိုက်ပျိုးခြင်းကို သစ်တောဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန် ၁၅ ရက်က စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဗန်လာအဲငါ က သစ်ပင်ပျိုးပင်များအား စိုက်ပျိုးရာတွင် စနစ်တကျစိုက်ပျိုးတက်စေရန် နည်းစနစ်များအား ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရန် ကျွန်းပင် ၁၀၀ အား ဒေသခံတောင်သူများထံပေးအပ်ကာ တောင်လွှဲကျေးရွာ ကုန်ထုတ်လမ်း၏ လမ်းဘေး ဝဲ၊ ယာတစ်လျှောက်တွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)