ဇွန် ၁၇

အိန္ဒိယနိုင်ငံအရှေ့ပိုင်းဘီဟာပြည်နယ်တွင် လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးနောက် လူခြောက်ဦးထက်မနည်း သေဆုံးဖွယ်ရှိသည်ဟု ရဲအရာရှိတစ်ဦးက သတင်းထောက်များကို ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။

အဆိုပါလှေတိမ်းမှောက်မှုဖြစ်ပွားချိန်က လှေပေါ်တွင်လိုက်ပါလာသူ ၁၇ ဦးရှိသည်ဟုသိရသည်။  ၁၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ခြောက်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းလှေသည် ဉမာနတ်ဂတ်မှ ဒီရာသို့ သွားနေစဉ် ဂင်္ဂါမြစ်အလယ်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းရဲတပ်ဖွဲ့က ပြောကြားသည်။

ကယ်ဆယ်ရေးအဖွဲ့က ပျောက်ဆုံးနေသူမျာအား ရှာဖွေနေဆဲဖြစ်ကြောင်း မီဒီယာက ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို