တာချီလိတ် ၁ မတ်  


တာချီလိတ် နယ်စပ်ဝင်ပေါက် မှတစ်ဆင့် ထိုင်းနိုင်ငံသား အများစု ပါဝင်သည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ဝင်ရောက် လည်ပတ်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၂၂၁၈၃ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။ 

 

1


နိုင်ငံခြားသား ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံအတွင်း  ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝအလှရှုခင်းများနှင့် အထင်ကရနေရာများ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာရန် ဝင်ရောက်လျက်ရှိရာ တာချီလိတ်နေ့ချင်းပြန်အဖြစ် ထိုင်းနိုင်ငံသား ၁၉၈၄၁ ဦးနှင့် တတိယနိုင်ငံသား(နိုင်ငံခြားသား) ၂၄၇ ဦး၊ ညအိပ်ခရီးစဉ်အဖြစ်   မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၃၀၁ ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ)နိုင်ငံသားအပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် ၁၇၉၄ ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့သည်။ 

 

1


တာချီလိတ် နယ်စပ်ဝင်ပေါက်မှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား နေ့ချင်းပြန် ခရီးသည် စုစုပေါင်း ၉၄၆၅၉၈ ဦး၊  မိုင်းဖြတ်နှင့်  ကျိုင်းတုံ ခရီးစဉ်အဖြစ် ခရီးသည် ၁၂၃၆၈ ဦး၊ တာချီလိတ်မြို့မှ ဗီဇာဖြင့် ပြည်တွင်းပိုင်းခရီးစဉ်သို့ ၂၉၉၄၉ ဦး၊ စုစုပေါင်း ၉၈၈၉၁၅ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။


ဝေယံလင်း(ပြန်/ဆက်)