ဘားအံ ဇွန် ၂၀
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောကို ဇွန် ၁၉ ရက်က ကရင်ပြည်နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင်း ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာနှင့် ပတ်သက်၍ မိုးကြိုကာလနှင့် မိုးနှောင်းကာလတို့တွင် ဖြစ်ပွားတတ်သော လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်တို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ကျား/မအခြေပြု အကြမ်းဖက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မသန်စွမ်း အကြောင်း သိကောင်းစရာများနှင့် မှတ်ပုံတင်ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ဦးစီးဌာနအလိုက် တာဝန်ရှိသူများက အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူးရုံးနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူ (၁၉၄) ဦးတက်ရောက်ခဲ့ကာ သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


