ဇွန် ၂၁
ချီလီနိုင်ငံ ဆန်ဘာနာဒိုမြို့တွင် ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်မိမှုကြောင့် နှစ်ဦးထက်မနည်းသေဆုံးပြီး အခြားကိုးဦးဒဏ်ရာရရှိကြောင်း မီးရထားကုမ္ပဏီက ယမန်နေ့ကဖော်ပြထားသည်။
ကုန်တင်ရထားနှင့် စမ်းသပ်မောင်းနှင်နေသောရထားတို့သည် ဆန်ဘာနာဒိုမြို့ရှိ ရထားလမ်းတွင် ဇွန်လ ၁၉ ရက် ညသန်းခေါင်ယံမတိုင်မီက တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ထိုကုမ္ပဏီက ပြောကြားသည်။
အဆိုပါရထားတိုက်မိမှုကြောင့် ကုန်တင်ရထားပေါ်ပါအလုပ်သမားနှစ်ဦးသေဆုံးခဲ့ပြီး စမ်းသပ်မောင်းနှင်နေသော ရထားပေါ်ပါ ရထားဝန်ထမ်းတို့ ဒဏ်ရာရရှိသဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူကိုးဦးမှာ အသက်အန္တရာယ်စိုးရိမ်ဖွယ်မရှိကြောင်း ၎င်းကုမ္ပဏီကထပ်လောင်းပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို