နေပြည်တော် ဇွန် ၂၁
နေပြည်တော်၊ပျဉ်းမနားမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်သို့ အငြိမ်းစား ပင်စင်လစာလာထုတ်သည့် သက်ကြီးရွယ်အို (၂၀၀၀) ကျော်အား ဆုလာဘ်ပိုင် ကုမ္ပဏီမိသားစုမှ (၂၄) ကြိမ်မြောက် လစဉ် အလှူအဖြစ် ကြာဇံဟင်းနှင့် သောက်ရေသန့် ဗူးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
သက်ကြီးရွယ်အို ပင်စင်စားများအတွက် စတုဒီသာ လှူဒါန်းမှုသည် (၂၄)ကြိမ်မြောက်အထိ ရှိလာပြီဖြစ်ပြီး လစဉ်မပျက်မကွက် ကုသိုလ်ပြု လှူဒါန်းပေးနေခြင်းဖြစ်ကြောင်းနှင့် ဘိုးဘွားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း တိုး၍ဆောင်ရွက်နိုင်ရန် ကြိုးစားအားထုတ် လျက်ရှိကြောင်း ဆုလာဘ်ပိုင်ကုမ္ပဏီမိသားစု၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဘိုဘိုထံမှ သိရသည်။
မိုးအောင်


